Skip to content

ကိတ်၏လာဘ်ကောင်


ကိတ်၏လာဘ်ကောင်၊ ဆိုက်ဘာသစ်တောက်ငှက်လေးကိတ်ကို တိုင်ဆွန်တန် မှ ဒီဇိုင်းဆွဲခဲ့သည်။

ကျွန်ုပ်တို့လာဘ်ကောင်၏ လက်ရှိပြောင်းလဲမှုကို ဧပြီ ၂၀၂၁တွင် ပထမဆုံးအဖြစ် ဖွင့်ဟခဲ့သည်။

ဆိုက်ဘာသစ်တောက်ငှက်လေးကိတ်

Kate the Cyber Woodpecker

စာမျက်နှာအောက်ခြေစာသားမပါသော ဗားရှင်း

Kate the Cyber Woodpecker - Without Text

နောက်ခံပုံမပါသော ဗားရှင်း

Kate the Cyber Woodpecker - Without Background

လိုင်စင်

လိုင်စင်အတွက်၊ တိုင်ဆွန်ကို အကိုးအကားပြုရလျှင် -

ဤနေ့မှစ၍ ကျွန်ုပ် ဆိုက်ဘာသစ်တောက်ငှက်လေးကိတ်အသစ်ကို ကိတ်စာသားတည်းဖြတ်ကိရိယာပရောဂျက်သို့ လှူဒါန်းလိုက်သည်။ အနုပညာလက်ရာများကို အယ်ဂျီပီအယ် (သို့မဟုတ် ကိတ်ပရောဂျက်သုံးသောလိုင်စင်) နှင့် အများပြည်သူပိုင်ဖန်တီးမှု BY-SA လိုင်စင်နှစ်ခုခံထားသည်။ ထိုသို့လုပ်ခြင်းအားဖြင့် သင်လည်း လာဘ်ကောင်ကို သုံးချင်သည့်အခါ၊ မွမ်းမံချင်သည့်အခါ ကျွန်ုပ်ထံ ခွင့်ပြုချက်တောင်းစရာမလိုတော့ပါ။

ဆိုက်ဘာသစ်တောက်ငှက်လေးကိတ်၏ဒီဇိုင်းရေးဆွဲမှုမှတ်တမ်း

ကျွန်ုပ်တို့လဲလှယ်ခဲ့ကြသော ကြားဗားရှင်းများကို တိုးတက်ပြောင်းလဲလာမှုအား ပြရန် ဝေမှျနိုင်မလားဟု တိုင်ဆွန်ကို မေးခဲ့သည်။ သူသဘောတူခဲ့သည့်အပြင် ခြေလမ်းတစ်ခုစီ၏အကျဥ်းချုပ်များပါ ရေးပေးလိုက်သည်။ ဤဒီဇိုင်းပြောင်းလဲမှုနှင့် သင့်တော်သော ကနဦးလာဘ်ကောင်နှင့် အိုင်ကွန် ပါဝင်သည်။ ထို့ကြောင့် အောက်တွင် ကျွန်ုပ် သူရေးပေးလိုက်သည်များကိုသာ ပြန်ကိုးကားလိုက်သည်။

၂၀၁၄ - သစ်တောက်ငှက်လေး ကိတ်

2014 version - Kate the Woodpecker

၂၀၁၄ ဗားရှင်းကို ကျွန်ုပ် အနုပညာသည်အဖြစ် အနိမ့်ဆုံးနေ့ရက်များတွင် ရေးဆွဲခဲ့သည်။ ကျွန်ုပ် မရေးဆွဲတော့သည်မှာ နှစ်အတော်ကြာပြီဖြစ်၍ လက်လျော့လိုက်ဖို့ လုပ်နေပြီဖြစ်သည်။ ဤဗားရှင်းမှာ စိတ်ဝင်စားစရာကောင်းသော အချို့အကြံဉာဏ်များ ပါရှိသည်။ ပြောရလျှင် ယင်း၏ရင်ဘက်ပေါ်က {} တွန့်ကွင်းများ၊ ဒီအောက်စီဂျင်ကုတ်အလင်းတင်ပြခြင်းမှ စိတ်ကူးပေါ်လာသော အရောင်အစီအစဥ်ပြပုံ တို့ဖြစ်သည်။ သို့သော် ရေးဆွဲမှုကတော့ အလွန်ရိုးရှင်းသည်။ အဲ့အချိန်တုန်းက ကျွန်ုပ်အရည်အချင်းမပြည့်ဝမှု မပေါ်စေရန် ဖန်စီဖြစ်သော နည်းလမ်းများကို တမင်တကာရှောင်ခဲ့သည်။ နောက်ပိုင်းနှစ်များမှာတော့ အခြေခံကစ၍ ကျွန်ုပ်ကို ကျွန်ုပ် ပြန်လည်သင်ကြားပြုပြင်ခဲ့သည်။ နှစ်ပေါင်းမြောက်များစွာ သူတို့၏ဝက်ဘ်ဆိုက်တွင် ဤဗားရှင်းကို ထားထားပေးသော ကိတ်အသင်းကို ကျွန်ုပ်အလွန်ကေျးဇူးတင်ပါသည်။

၂၀၂၀ - ကိတ်အိုင်ကွန်အသစ်

2020 - The new Kate icon

ကိတ်အိုင်ကွန်အသစ်ရေးဆွဲရာတွင် ကျွန်ုပ် တကယ်အစစ်အမှန်ဗက်တာအနုပညာကို စသုံးကြည့်ခဲ့သည်။ အဲ့အချိန်ကစပြီး ကျွန်ုပ် ရေးတေးတေးအနုပညာမြောက်အာရုံလေးရလာသည်။ ကျွန်ုပ်မှာ အိုင်ကွန်ဒီဇိုင်းနှင့် ပတ်သတ်၍ အတွေ့အကြုံမရှိပါ။ သင်္ချာနည်းညွှန်အချိုးအစားဆိုတာ ဘာမှန်းကို မသိခဲ့ပါ။ ပုံစံတိုင်း၊ မျဥ်းကွေးတိုင်းကို အနုပညာသည်တစ်ယောက်အဖြစ် ကျွန်ုပ်၏အာရုံဖြင့် ရေးဆွဲခဲ့သည်။ သဘောတရားကတော့ အလွန်ရှင်းသည် - စာလုံး 'K' ကဲ့သို့ ငှက်ပုံစံဖြစ်ရမည်၊ နောက်ပြီး မြင်ကွင်းထဲ ထင်းနေရမည်။ ခရစ်တို မညွှန်ပြခင်တုန်းက ငှက်သည် ဝနေခဲ့သည်။ နောက်ကျ ယင်းကို ပိုမိုပိန်ပါးသော ပုံစံ ပြောင်းခဲ့သည်။

၂၀၂၁ - လာဘ်ကောင်ပုံကြမ်း

2021 version - Sketch of the new mascot

ကနဦးပုံကြမ်းတွင် စက်ရုပ်ဆန်ဆန်သဘောတရားကို စွန့်ပစ်၍ ချစ်စရာကောင်းသော ငှက်လေးဆွဲရန် အာရုံရခဲ့သေးသည်။

၂၀၂၁ - လာဘ်ကောင်ဒီဇိုင်း

2021 version - Redesign of the new mascot

လာမည့် ကရီတာ ၅.၀အတွက် စဖွင့်သည်နှင့်ပေါ်သောပုံအသစ်ကို ရေးဆွဲပြီးနောက်မှာ ကိတ်၏လာဘ်ကောင်ဒီဇိုင်းပြန်ဆွဲမှုကို ပြန်စတင်ခဲ့သည်။ အဲ့အချိန်တုန်းက ကျွန်ပ် ပုံတစ်ပုံဆွဲတိုင်း ယခင်ကထက် ပိုလုပ်လာနိုင်သောကြောင့် ကျွန်ုပ် စက်ရုပ်သဘောတရားဖြင့် ဆက်ဆွဲရန် ဆုံးဖြတ်ခဲ့သည်။ အချိုးအစားမညီသော်လည်း စက်ဒီဇိုင်းအစိတ်အပိုင်းများကို ဤတစ်ခုမှာတော့ အဆင်ပြေပြေပေါင်းစည်းဖန်တီးနိုင်ခဲ့သည်။

၂၀၂၁ - နောက်ဆုံးလာဘ်ကောင်

2021 version - Final Kate the Cyber Woodpecker

ခရစ်တို ညွှန်ပြပြီးတဲ့နောက် အချိုးအစားကို ချိန်ညိှလိုက်သည်။ ဟန်ကို ကြည့်ရတာပိုသက်တောင့်သက်သာဖြစ်စေရန်် ပြင်လိုက်သည်။ ငှက်အစစ်၏တောင်ပံများကို လေ့လာပြီးနောက် တောင်ပံများကို ပြန်ဆွဲလိုက်သည်။ အပ္ပလီကေးရှင်း၏အဓိကအသုံးပြုပုံကို ပေါ်လွင်စေရန် စွန်းကြည့်ကောင်းသော အသေးစိတ်ကျသည့် ကီးဘုတ်ကို လက်နှင့်ရေးဆွဲခဲ့သည်။ နောက်ခံပုံကို သင့်တော်သော ၂ဒီ တိုက်ပိုဂရပ်ဖီ သုံး၍ ဆွဲထားသည်။ ယေဘုယျအမြင်ကတော့ - အမြင်မမှားနိုင်အောင် နောက်ဆုံးပေါ်လူလုပ်စက်ပစ္စည်း၊ သို့သော် လူသားဆန်သော ပုံရိပ်လေး ဖြစ်သည်။